Monday, March 6, 2017


အာလူးရွှေကြည်ဆနွင်းမကင်း - ဒုတိယနည်း


အရင်က အာလူးဆနွင်းမကင်း ပထမနည်းက ရွှေကြည်မပါတဲ့နည်းပါ။ အခုနည်းကတော့ ရွှေကြည်ထည့်တဲ့နည်းလေးပါ။ ၂ မျိုးစလုံး သူ့ အရသာနှင့် သူစားကောင်းလို့ အိစံတော့ ၂ မျိုးစလုံးကို ခဏခဏလုပ်စားဖြစ်ပါတယ်။ လုပ်နည်းကလွယ်ပြီး အာလူးအနံ့ မွှေးမွှေးလေးနဲ့ စားကောင်းလို့ လုပ်စားကြည့်ရအောင်နော်။



ပါဝင်သောပစ္စည်းများ (7" X 11" ဘန်း တခုစာအတွက်)
၁။ အာလူး- ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ရွှေကြည် (semolina) - ထမင်းစားဇွန်း ၄ ဇွန်း
၃။ ဂျုံ (all-purpose flour) - ထမင်းစားဇွန်း ၈ ဇွန်း
၎။ နို့ ဆီ- ထမင်းစားဇွန်း ၂ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၁၂ ဇွန်း
၆။ အုံးနို့ - ဗူး တဝက် (200 ml)
၇။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း
၈။ အုံးသီးခြစ်ဖတ် - ထမင်းစားဇွန်း ၈ ဇွန်း
၉။ ဘိန်းစေ့ - အနည်းငယ်
၁၀။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
(ထမင်းစားဇွန်း= 1 tablespoon = 15ml)

ပြုလုပ်နည်း
၁။ ပြုလုပ်မည့် ဘန်းကို ထောပတ်သုပ်ထားပါ။ အာလူးကို နူးအိလာအောင်ပြုတ်ပါ။ ပြီးလျှင် အခွံခွာပါ။
၂။ ပြုတ်ပြီးအခွံခွာထားသော အာလူးများကို အအေးခံရ်ျ ဇကာတိုက်ပါ။ (သို့ ) လက်ဖြင့်ခြေပါ။
၃။ ဇလုံတခုထဲတွင် ခြေထားသော အာလူး၊ နို့ ဆီ နှင့် သကြားတို့ ကိုထည့်ရ်ျ နာနာလေးဖွပြီးနယ်ပေးပါ။ (အာလူးထဲကို အချိုအရသာဝင်သွားအောင်လို့ ပါ။)
၎။ အာလူးထည့် ထားသောဇလုံထဲကို ဘိန်းစေ့မှလွဲပြီးကျနါသောပစ္စည်းများထည့်၍သမအောင်လုပ်ပါ။
၅။ ပြုလုပ်မည့် ဘန်းထဲကို ထည့်ရ်ျ မျက်နှာပြင် ညီအောင်ညှိပါ။ ပြီးလျှင် အပေါ်မှ ဘိန်းစေ့များဖြူးပါ။
၆။ အပူချိန် 350'F (180'C) အထက်မီးအောက်မီးတွင် အပူပေးထားသော oven ထဲတွင် ၁ နာ၇ီထည့်ရ်ျ ဖုတ်ပါ။ (oven ကို မုန့် မဖုတ်ခင် ၁၅ မိနစ်လောက် အပူပေးထားပါ။) ပြီးလျှင် အပေါ်မီး (broil) 450'F (230'C) တွင် ၁၅ မိနစ်ခန့် ဖုတ်ပါ။
၇။ အာလူှး ဆနွင်းမကင်းကို အအေးခံ၇်ျ အေးလျှင် ကြိုက်နှစ်သက်ရာ အရွယ်အစားလှီးရ်ျ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment