Sunday, March 5, 2017


ကြက်သည်းကြက်မြစ်ဟင်း


မြန်မာပါးစပ်နဲ့ အကြိုက်တွေ့ စေမည့် ကြက်သည်းကြက်မြစ်ဟင်းမွှေးမွှေလေးချက်နည်းပါ။ အိစံငယ်ငယ်ကတော့ကြက်သည်းကို အရမ်းကြိုက်ပေမယ့် ကြီးလာတော့ ကြက်မြစ်ကို ပိုကြိုက်တယ်။ တကယ်ကတော့ ကြက်သည်းက ကျန်းမာရေးနဲ့ မညီညွတ်ဖူးဆိုလို့ သိပ်မစားဖြစ်တော့တာပါ။ တခါတလေကြုံရင်စားပါသေးတယ်။ ကြိုက်ရင်တော့ စားလို့ ကောင်းတယ်နော်။ ဒီဟင်းလေးကလဲ မြန်မာဟင်းအချက်ကောင်းတဲ့ အန်တီကြီး သင်ပေးတဲ့ နည်းနဲ့ ချက်ထားတာပါ။ ကြက်သည်းကြက်မြစ်ကြိုက်သူများ ချက်စားရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြက်သည်းကြက်မြစ် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်သွန်နီ - ၂ လုံး
၃။ ကြက်သွန်ဖြူ - ၄ မွှာ
၎။ ဂျင်း - လက်တဆစ်
၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၆။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း(အစပ်ကြိုက်မှထည့်ပါ။)
၈။ သစ်ချပိုးခေါက် - ၁ ခု
၉။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်
၁၀။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၁၁။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ ဆီ - ထမင်းစားဇွန်း ၇ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဂျင်း၊ ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
၂။ ကြက်သည်းကြက်မြစ်ကို သန့် စင်ပြီး ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ မှအရည်ညှစ်ထည့်၊ ပြီးရင် အဖတ်များလဲထည့်၊ ဆနွင်း၊ အရောင်တင်မှုန့် ၊ ငရုတ်သီးမှုန့်၊ငံပြာရည်၊ သကြား (သို့ ) အချိုမှုန့်  တို့ ကိုထည့်နယ်ရ်ျ နှပ်ထားပါ။
၃။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီကိုထည့်ရ်ျ ကြော်ပါ။
၎။ ကြက်သွန်နီများ နွမ်းလာလျှင် ကြက်မြစ်များကို ထည့်လုံးပါ။ သစ်ချပိုးခေါက်ထည့်ပါ။ ရေထည့်ပြီး ကြက်မြစ်များ နူးလာသည်အထိတည်ပါ။
၅။ ကြက်မြစ်များ နူးလာပြီး ရေအနည်းငယ်ကျန်ချိန်ကြမှ ကြက်သည်းများကိုထည့်၊ ပျဉ်းတော်သိမ်းရွက်ကိုထည့်ရ်ျ ဆီပြန်လာသည်အထိတည်ပါ။ (ကြက်သည်းများကိုထည့်ပြီးလျှင် မွှေတာကို အသာလေးမွှေပါ။)
၆။ ဆီပြန်လာလျှင် မီးဖိုပေါ်မှချရ်ျ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment