Monday, March 6, 2017




မှို သောက်ဆမ်းဟင်း (လွယ်ကူမြန်ဆန် ရိုးရှင်းပြီး ၁၀ မိနစ်လောက်နဲ့ ချက်တဲ့နည်း)


မှိုသောက်ဆမ်းဟင်းကိုတော့ ဘုန်းကြီးကျောင်းသွားတုန်းက အန်တီတယောက်က ဘုန်းဘုန်းကြိုက်လို့ ဆိုပြီး ချက်ချင်းချက်လိုက်တဲ့ဟင်းလေးကို မှတ်ထားပြီး အိမ်မှာပြန်ချက်တာပါ။ အခုနောက်ပိုင်းဆိုရင် ခဏခဏချက်ဖြစ်တယ်။ လွယ်ပြီး အရမ်းလဲမြန်တယ်။ စားလို့ လဲအရမ်းကောင်းလို့ လေ။ အနံ့ အရသာကတော့ ရှယ်ပဲပေါ့နော်။ ဒီလိုလွယ်ကူမြန်ဆန်ပြီး စားလို့ ကောင်းတဲ့ဟင်းကို ချက်ကြည့်ဖို့ မမေ့နဲ့ နော်။ 



ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာမှို - ၁၅ ကျပ်သား (သို့ ) ၉ အောင်စ
၂။ မြန်မာငံပြာရည် (သို့ ) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း
၃။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၎။ ပါးပါးလှီးထားသော ကြက်သွန်နီ - အနည်းငယ် 
၅။ ငရုတ်သီးစိမ်း - ၅ တောင့်
၆။ နံနံပင် - ၅ ပင်
၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ မှိုကို သန့် စင်ပြီး ကြိုက်နှစ်သက်ရာ အရွယ်လှီးရ်ျ သန့် စင်ထားပါ။
၂။ ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ကြက်သွန်နီထည့်ရ်ျ ဆီသတ်ပါ။ 
၃။ ကြက်သွန်နီ အနံ့ မွှေးလာလျှင် မှိုများကိုထည့်ရ်ျ ခဏလှော်ပါ။ ငံပြာရည်နှင့် သကြား (သို့ ) အချိုမှုန့် ထည့်ပါ။ ရေကို မှိုများဖုံးသွားအောင်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပြီး အဖုံးအုပ်ထားပါ။
၎။ ပွက်လာလျှင် နံနံပင်အုပ်ရ်ျ မီးဖိုပေါ်မှချပါ။
၅။ လွယ်ကူမြန်ဆန်ရိုးရှင်းပြီး စားလို့ အလွန်ကောင်းတဲ့ မှိုသောက်ဆမ်းဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။

No comments:

Post a Comment