Monday, March 6, 2017


မလေးရှားစတိုင်လ် ချဉ်ငံစပ် ကန်စွန်းရွက်ကြော်


ဒီကန်စွန်းရွက်ကြော်လေးကတော့ မြန်မာ ပါးစပ်နဲ့အလွန်အကြိုက်တွေ့ စေမယ့် နည်းလေးပါ။ ငပိရယ်၊ မန်ကျည်းမှည့်ရည်ရယ် ၊ငရုတ်သီးရယ် သုံးထားတာ ကြောင့် ချဉ်ငံစပ်လေးဖြစ်နေပြီ အလွန်ထမင်းမြိန်စေတဲ့ ဟင်းတခွက်ပါ။ ချက်ကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကန်စွန်းရွက် - အစီးကြီး - ၁ စီး
၂။ ကြိုက်နှစ်သက်ရာ ငပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ မန်ကျည်းမှည့်ရည် - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ပုဇွန်ခြောက် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ငရုတ်သီးစိမ်း - ၄ တောင့်
၆။ ကြက်သွန်ဖြူ - ၃ မွှာ
၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
(ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကန်ဇွန်းရွက်ကို သင်ပြီး သန့် စင်ထားပါ။ ငရုတ်သီးစိမ်း ၂ တောင့်ကို ပါးပါးလှီးထားပါ။ ငပိကို ရေအနည်းငယ်ဖြင့် ဖျော်ထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ပုဇွန်ခြောက်ကို ရေစိမ်ပြီး ရေစစ်ထားပါ။
၂။ ဒယ်အိုးတခုထဲတွင် ဆီထည့် အပူပေးပြီး ဆီပူလာလျှင် တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူနှင့် ပါးပါးလှီးထားသော ငရုတ်သီးစိမ်း တို့ ကို ထည့်ရ်ျ ဆီသတ်ပါ။
၃။ အနံ့  မွှေးလာလျှင် ကန်စွန်းရွက်ကို ထည့်ကြော်ပါ။ ဖျော်ထားသော ငပိ၊ မန်ကျည်းမှည့်ရည်၊ ပုဇွန်ခြောက်တို့ ကို ထည့်ပါ။ ၂ မိနစ်လောက်ကြော်ပြီးလျှင် ကျန်သော ငရုတ်သီးစိမ်းကို ထည့်ရ်ျ ၁ မိနစ်ခန့် ကြော်ပါ။
၎။ မီးဖိုပေါ်မှချရ်ျ ချဉ်ငံစပ် ကန်စွန်းရွက်ကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment