Monday, March 6, 2017




စအုကြော်


အသားစအုကြော်ကတော့ လူကြီးကော ကလေးပါ နှစ်သက်ကြပါတယ်။ စအုကြော် ကိုဒီအတိုင်းစားကောင်းသလို ချိုချဉ်ကြော်ကြော်စားရင်လဲကောင်းပါတယ်။ အိစံတို့ အိမ်မှာတော့ ပထမ တရက်ကို စအုကြော်များများကြော်လိုက်ပြီး နောက်တရက်ကျမှ ချိုချဉ်ကြော် ကြော်စားကြတယ်။ စအုကြော် အတွင်းက အိအိလေးနဲ့ အပြင်ကကြွပ်ကြွပ်လေးဖြစ်အောင် ကြော်စားရအောင်နော်

ပါဝင်သောပစ္စည်းများ
၁။ ၀က်သား (သို့ ) ကြက်သား - ၁၅ ကျပ်သား
၂။ အကြော်မှုန့်  - ၂ ခွက် (သို့ ) 240 g
၃။ ရေ - ၁ ခွက် (သို့ ) ၂၄၀ ml
၎။ ကော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း
၅။ ကြက်ဥ - ၁ လုံး
၆။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ နာနတ်ပွင့်အမှုန့် - အနည်းငယ်
၉။ တရုတ်အစိမ်းရောင်ဖာလာစေ့ အမှုန့် - အနည်းငယ်
၁၀။ ကြော်ရန်ဆီ
( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အသားကို ရေဆေး သန့် စင်ပြီး မထူမပါး အတုံးလေးများတုံးထားပါ။ အတုံးတုံးထားသော အသားကို ဆား လက်ဖက်ရည်ဇွန်း တ၀က်၊ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နာနတ်ပွင့်မှုန့် အနည်းငယ်၊ တရုတ်အစိမ်းရောင်ဖာလာစေ့အမှုန့် အနည်းငယ် တို့ ဖြင့်နယ်ရ်ျ ၁၅ မိနစ်ခန့် နှပ်ထားပါ။
၂။ ဇလုံတခုထဲတွင် အကြော်မှုန့်၊ ကော်မှုန့် ၊ ကြက်ဥ၊ ဆား လက်ဖက်ရည်ဇွန်း တ၀က် (တချို့ အကြော်မှုန့် တွေက ဆားပါပြီးသားမို့ လို့ ဆားပါပြီးသားအကြော်မှုန့် ကို သုံးရင် ဆားကို လက်ဖက်ရည်ဇွန်း လေးပုံတပုံပဲထည့်ပါ။)နှင့် ရေ တို့ ကို သမအောင်လုပ်ရ်ျ အရည်ဖျော်ထားပါ။
၃။ နှပ်ထားသော အသားများကို မုန့် နှစ်ရည်ထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၎။ ကြော်ရန် ဆီကို အပူပေးပြီး ဆီပူလာလျှင် ဇလုံထဲက အသားကို ဇွန်းဖြင့် မုန့် နှစ်ရည်ပါ ပါအောင် ခပ်ရ်ျ ဆီပူပူထဲကို ထည့်ပါ။
၅။ စအုကြော်များ အညိုရောင်သန်း လာလျှင် ဆီအိုးထဲမှဆယ်ရ်ျ ဆီစစ်ထားပါ။ ကြွပ်ကြွပ်လေးနဲ့ စားလို့ ကောင်းတဲ့ စအုကြော်ကို အချဉ်ရည်ဖြင့် သုံးဆောင်နိုင်ပါပြီ။
(အချဉ်ရည် အတွက် ငရုတ်ဆော့ နှင့် ခရမ်းချဉ်သီးဆော့ကို ဆတူရောရ်ျ ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။)

No comments:

Post a Comment