Monday, March 6, 2017



ငါးပဲငပိပေါင်း


ငါးပဲငပိပေါင်းကတော့ စားကောင်းတဲ့ ဟင်းတခွက်ပါပဲ။ လုပ်နည်းလဲလွယ်ကူပါတယ်။ ကြိုက်နှစ်သက်ရာငါးကို အသုံးပြုနိုင်ပါတယ်။ ကြီးတဲ့ငါးကို ဆိုရင် အပိုင်းလိုက် ခုတ်ပြီးမှပေါင်းတာကောင်းပါတယ်။ ငါးကသေးရင်တော့ အကောင်လိုက်ပေါ့နော်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာငါး - ၃၀ သား (သို့ ) ၁ ပေါင် ၃.၂ အောင်စ
၂။ ပဲငပိအချို - ထမင်းစားဇွန်း ၁ ဇွန်း
၃။ သကြား - လက်ဖက်ရည်ဇွန်း တ ၀က်
၎။ ခရမ်းချဉ်သီး - ၁ လုံး
၅။ ကြက်သွန်နီ - ၁ လုံး
၆။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၇။ ငရုတ်သီးစိမ်း - ၅ တောင့်
၈။ ဂျင်း - လက်တဆစ်
၉။ ကြက်သွန်ဖြူ - ၃ မွှာ
၁၀။ ကြော်ရန်ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးကို သန့် စင်ပြီး ဆားနှင့် နယ်ရ်ျ ဆီပူပူမှာထည့်ရ်ျ ကြွပ်အောင်ကြော်ပြီး ဆီစစ်ထားပါ။ ဂျင်းကို အချောင်းလေးတွေလှီးထားပါ။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ကြက်သွန်နီနှင့် ခရမ်းချဉ်သီးကို အကွင်းလိုက်ထူထူလှီးထားပါ။
၂။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့် အပူပေးပါ။ ဆီပူလာလျှင် ဂျင်း နှင့် ကြက်သွန်ဖြူကို ထည့်၊ ပဲငပိအချိုကိုထည့်ရ်ျဆီသတ်ပါ။ မွှေးလာလျှင် ကြော်ထားသော ငါးကို ပြန်ထည့်၊ ရေထည့်ပါ။ သကြား၊ ငရုတ်သီးစိမ်းထည့်ပါ။
၃။ အနှစ်ပွက်လာလျှင် ကြက်သွန်နီနှင့် ခရမ်းချဉ်သီး အကွင်းများထည့်ရ်ျအုပ်ထားပါ။ အပေါ့အငံမြည်းရ်ျ ပေါ့နေလျှင် ပဲငံပြာရည်ထည့်ပြီး မီးဖိုပေါ်မှချရ်ျသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment