Monday, March 6, 2017

မိုင်လိုပေါင်မုန့် (Milo Bread)


အခုပေါင်မုန့် နည်းလေးကတော့ ပိုပြီး ပွပွအိအိလေးဖြစ်စေတဲ့ နည်းလေးပါ။ မိုင်လိုလေးထည့်ထားတော့ ပေါင်မုန့် အနံ့ လေးကို ပိုမွှေးစေပါတယ်။ မိုင်လိုမပါပဲနဲ့ လဲ ပြုလုပ်နိုင်သလို မိုင်လို အစား အိုဗာတင်းကို လဲအသုံးပြုနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။


ပါဝင်သောပစ္စည်းများ
၁။ ဂျုံ (all- purpose flour) - ၃ ခွက်
၂။ မိုင်လို (milo) - ထမင်းစားဇွန်း ၅ ဇွန်း
၃။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံ
၎။ ထောပတ် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ သကြား - ထမင်းစားဇွန်း ၅ ဇွန်း
၆။ yeast (ပေါင်မုန့် ပွဆေး) - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
၇။ ရေနွေး - ၁ ခွက်
၈။ ကြက်ဥ - ၁ လုံး
(၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ရေနွေး ၁ ခွက်ထဲကို သကြား နှင့် မိုင်လိုကို ထည့်ရ်ျ အရည်ပျော်အောင်ဖျော်ပါ။ ထို့ နောက် yeast ကိုထည့်ရ်ျ သမအောင်မွှေပြီးလျှင်Comment ပုံမှာ ပြထားသည့်အတိုင်း အမြှုပ်များ ထလာသည်အထိ ထားပါ။ ( မိနစ် ၃၀ ခန့် )
၂။ ဖျော်ထားသော ရေထဲကို ဆား၊ ခလောက်ထားသောကြက်ဥ နှင့် ဆီတို့ ကိုထည့်ရ်ျ သမအောင်မွှေပါ။ ထို့ နောက် ဂျုံကို လေးခါခွဲထည့်ပြီး သမအောင်လုပ်ပါ။ ဂျုံ လုံးချောမွေ့ လာသည်အထိ နယ်ပါ။ ထို့ နောက် လက်ဖနောင့်ဖြင့် ဖိပြီး ၁၀ မိနစ်ခန့် ဂျုံနယ်ပါ။ ပြီးလျှင် ဂျုံလုံးကို ဇလုံတခုထဲထည့်ရ်ျ အပေါ်မှ ရေစွတ်ထားသော အ၀တ်ကို အုပ်ပြီး ၁ နာရီခန့် ထားပါ။ (ဂျုံလုံး ၂ ဆလောက် ပွလာပါလိမ့်မည်။)
၃။ ပွလာသော ဂျုံလုံးကို cutting board ပေါ်တင်ရ်ျ လက်ဖနောင့်ဖြင့် ၅ မိနစ်ခန့် ဂျုံနယ်ပါ။ (ဂျုံများကပ်မနေအောင် cutting board ပေါ်တွင် ဂျုံမှုန့် များဖြူးထားပါ။ )
၎။ ပေါင်မုန့် ဖုတ်မည့် ခွက်ကို ဆီသုတ်ထားပါ။နယ်ထားသော ဂျုံလုံးကို မုန့် ဖုတ်မည့်ခွက်ထဲထည့်ပါ။ နောက်ထပ် မိနစ် ၃၀ ခန့် ပေါင်မုန့် ခွက်ထဲတွင်ထားပါ။ ထို့ နောက် ပေါင်မုန့် အပေါ်ကို ဆီသုတ်ရ်ျ 350'F (180'C) မှာ အပူပေးထားသော oven ထဲတွင် မိနစ် ၃၀ ခန့် ထည့်ဖုတ်ပါ။
၅။ ပေါင်မုန့် ဖုတ်ပြီးပြီးချင်း ပေါင်မုန့် ခွက် အပေါ်ကို Aluminium Foilဖြင့် ၁ နာရီခန့် လုံနေအောင် အုပ်ထားပါ။ (အပေါ်ပိုင်းပေါင်မုန့် အသားအိသွားအောင်လို့ ပါ။) Aluminium Foil မရှိလျှင် တဘတ် အသေးဖြင့် အုပ်ပါ။ ထို့ နောက် ပေါင်မုန့် ပူပူအိအိလေးကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment