အမဲကျပ်တိုက်ကြော် (သို့ ) အမဲကျပ်တင်ကြော်
ဒီကြော်နည်းလေးက ရိုးရှင်းပေမယ့် အရမ်းစားကောင်းလို့ အိစံတော့ ၂ရက်ဆက်တိုက် ကြော်စားပလိုက်တယ်။ တအိမ်လုံးကလဲ အရမ်းကြိုက်ကြတယ်။ ငရုတ်သီးနှင့် ကြက်သွန်ဖြူပါလို့ မွှေးပြီး စပ်စပ်လေးနဲ့ အရမ်းစားကောင်းတဲ့ အမဲကျပ်တိုက်ကြော်လေးပါ။ အမဲသားမစားရင် ဒီနည်းနဲ့ ပဲ ၀က်သားနဲ့လုပ်လို့ ရပါတယ်။ လုပ်စားကြည့်ကြနော်။
ပါဝင်သောပစ္စည်းများ
၁။ အမဲသား - ၃၅ ကျပ်သား (သို့ ) ၀.၇ ကီလိုဂရမ် (သို့ ) ၁.၄ ပေါင်
၂။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ကြက်သွန်ဖြူ - ၁၀ မွှာ
၎။ ကြက်သွန်နီ - အသေး ၁ လုံး
၅။ ငရုတ်သီးစိမ်းတောင့် - ၃ တောင့်
၆။ ငရုတ်သီး အကြမ်းမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
ပြုလုပ်နည်း
၁။ အမဲသားကို အတုံးလိုက် ဘာမှမထည့်ပဲနဲ့ ရေနှင့် အမဲသားနူးနေသည်အထိရေခမ်းပြု တ်ပါ။ ပြီးလျှင် အအေးခံထားပါ။ (အိစံကတော့ ပါးပါးလေးတွေလှီးလို့ ကောင်းအောင်လို့ ရေခဲသေတ္တာအောက်ထပ်ထဲ ထည့်ပါတယ်။)
၂။ အအေးခံထားသော အမဲသားကို ပါးပါးလေးတွေလှီးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတောင့်တို့ ကို ညက်နေအောင်ထောင်းပါ။
၃။ ဒယ်အိုးထဲတွင် ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးတို့ ကိုထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် အမဲသားများကို ထည့်ကြော်ပါ။ (အရမ်းမမွှေပါနဲ့ ။အသားများကျေကုန်မှာစိုး လို့ ပါ။) ငံပြာရည်ထည့်ပါ။ ခြောက်ပြီး အနည်းငယ်မာလာသည်အထိကြော်ပါ။
၎။ မီးဖိုပေါ်ကချခါနီးတွင် ငရုတ်သီးအကြမ်းမှုန့် ကိုထည့်ရ်ျမွှေပြီး မီးဖိုပေါ်မှချပါ။
၅။ အနံ့ မွှေးမွှေး စပ်စပ်နဲ့ အမဲကျပ်တိုက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
၁။ အမဲသား - ၃၅ ကျပ်သား (သို့ ) ၀.၇ ကီလိုဂရမ် (သို့ ) ၁.၄ ပေါင်
၂။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၃။ ကြက်သွန်ဖြူ - ၁၀ မွှာ
၎။ ကြက်သွန်နီ - အသေး ၁ လုံး
၅။ ငရုတ်သီးစိမ်းတောင့် - ၃ တောင့်
၆။ ငရုတ်သီး အကြမ်းမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
ပြုလုပ်နည်း
၁။ အမဲသားကို အတုံးလိုက် ဘာမှမထည့်ပဲနဲ့ ရေနှင့် အမဲသားနူးနေသည်အထိရေခမ်းပြု
၂။ အအေးခံထားသော အမဲသားကို ပါးပါးလေးတွေလှီးပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတောင့်တို့ ကို ညက်နေအောင်ထောင်းပါ။
၃။ ဒယ်အိုးထဲတွင် ဆီထည့်အပူပေးပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးတို့ ကိုထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် အမဲသားများကို ထည့်ကြော်ပါ။ (အရမ်းမမွှေပါနဲ့ ။အသားများကျေကုန်မှာစိုး
၎။ မီးဖိုပေါ်ကချခါနီးတွင် ငရုတ်သီးအကြမ်းမှုန့် ကိုထည့်ရ်ျမွှေပြီး မီးဖိုပေါ်မှချပါ။
၅။ အနံ့ မွှေးမွှေး စပ်စပ်နဲ့ အမဲကျပ်တိုက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။