Monday, March 6, 2017



ဗီယက်နမ်အသားလုံးကြော်


ဗီယက်နမ်အသားလုံးကြော်နည်းကတော့ မြန်မာပါးစပ်နဲ့ အလွန်ကိုက်ညီတဲ့နည်းပါ။ အသားလုံးထဲမှာ ငံပြာရည်ရယ် သကြားရယ်ထည့်ထားပြီး ကလေးတွေအတွက်ကတော့ အလွန်ကြိုက်ပေါ့နော်။ အိမ်မှာ တခါကြော်ကျွေးတာနဲ့ ခဏခဏကိုတောင်းဆိုနေကြတော့တာပါပဲ။ စားကြည့်လိုက်တာနဲ့ အနံ့ ကလဲ အလွန်မွှေးပြီး တခါစားဖူးတိုင်း ထပ်စားချင်နေမှာအမှန်ပါပဲ။ ဗီယက်နမ်အချဉ်လုပ်နည်းအလွယ်ကိုလဲရေးထားပါတယ်။ လုပ်စားကြည့်နော်။


ပါဝင်သောပစ္စည်းများ
၁။ တောက်တောက်ဆင်းထားသော ကြက်သား (သို့ ) ဝက်သား - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်ဥ - ၁ လုံး (အကာကိုပဲယူမှာပါ။)
၃။ ကော်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ကြက်သွန်ဖြူ - ၄ မွှာ
၅။ ကြက်သွန်မြိတ် - ၃ ပင် (အစိမ်းပိုင်းပဲယူပါတယ်။)
၆။ ငရုတ်ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၈။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း
၉။ နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တ ၀က်
၁၀။ ကြော်ရန် ဆီ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူကို တောက်တောက်ဆင်းထားပါ။ ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။
၂။ ဇလုံတခုထဲကို အသား၊ ကြက်ဥအကာ၊ ကော်မှုန့် ၊ တောက်တောက်ဆင်းထားသော ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ်၊ ငရုတ်ဆီ၊ ယိုးဒယားငံပြာရည်၊ သကြား၊ နှမ်းဆီမွှေး တို့ ကိုထည့်ရ်ျ သမအောင်နယ်ပါ။
၃။ ဆီပူပူထဲတွင် အသားလုံးများထည့်ကြော်ပါ။
၎။ ရွှေဝါရောင်သန်းလာလျှင် မီးဖိုပေါ်မှချရ်ျ ဗီယက်နမ်ဆော့ဖြင့် သုံးဆောင်နိုင်ပါပြီ။
ဗီယက်နမ်ဆော့ ပြုလုပ်နည်း သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ယိုးဒယားငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ရှာလကာရည် ထမင်းစားဇွန်း ၁ ဇွန်း တို့ ကိုရောရ်ျ ရေထပ်ထည့်ပြီး ခြစ်ထားသော မုန်လာဥနီအနည်းငယ်ထည့်ရ်ျ ပြုလုပ်နိုင်ပါပြီ။

No comments:

Post a Comment