Monday, March 6, 2017


ထမင်းသုပ်


ထမင်းသုပ်လုပ်နည်းမေးထားတဲ့သူတွေအတွက်ရေးပေးလိုက်ပါတယ်။
ထမင်းသုပ်ကိုတချို့ က အာလူးထည့်သုပ်ပါတယ်။ တချို့ ကတော့ ထမင်းချည်းပဲသုပ်တယ်။ တချို့ က ကြာဇံလေးနည်းနည်းထည့်သုပ်တယ်။ အိစံအခုသုပ်တဲ့နည်းကတော့ ထမင်းချည်းပဲကိုသုပ်တဲ့နည်းလေးပါ။ ပဲပုတ်နံ့ လေးမွှေးမွှေးလေးနဲ့ ထမင်းသုပ်ကိုသုပ်စားရအောင်နော်။ 


ပါဝင်သောပစ္စည်းများ
၁။ ချက်ထားသော ထမင်း - တရုတ်ထမင်းစားပန်းကန်လုံး ၁ လုံးခွဲစာ
၂။ ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း တ ၀က်
၃။ ငရုတ်သီး ဆီချက် - ထမင်းစားဇွန်း တ ၀က်
၎။ မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကင်ထားသော ပဲပုတ်ထောင်း - လက်ဖက်ရည်ဇွန်း တ ၀က်
၆။ ပဲမှုန့် အကျက် - ထမင်းစားဇွန်း ၁ ဇွန်း
၇။ မကျည်းမှည့်ရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ အချိုမှုန့် (သို့ ) သကြား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ထမင်းကို တချို့ ဆိုင်တွေကလို နီနီလေးလိုချင်ရင် ထမင်းချက်ကတည်းက အနီရောင်ဆိုးဆေး ၃ စက် ၄ စက်လောက်ကို ထည့်ရ်ျချက်ပါ။
၂။ ထမင်းပူပူလေးကို ပါဝင်သောပစ္စည်းများထည့်ရ်ျ နယ်ပြီး သုပ်နိုင်ပါတယ်။ ထမင်းပူပူလေးနှင့် သုပ်ရင် ပိုမွှေးပါတယ်။
၃။ ထမင်းသုပ်မွှေးမွှေးလေးကို ငါးဖယ်ကြော်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့ နှင့် တွဲရ်ျသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment