Sunday, March 5, 2017

ငါးကောင်လုံး ချိုချဉ်ကြော်


ငါးကောင်လုံး ချိုချဉ်ကြော်ကတော့ ငါးကြိုက်တဲ့သူတွေအတွက်အလွန်စားကောင်းတဲ့ ဟင်းတမျိုးပါပဲ။ အိစံတော့ တရုတ်ဆိုင်တချို့ ကိုရောက်ရင် မှာစားဖြစ်ပါတယ်။ အခုတော့ အိမ်မှာလုပ်စားကြည့်ရအောင်နော်။



ပါဝင်သောပစ္စည်းများ
၁။ ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်
၂။ ဆား - အနည်းငယ်
၃။ မုန်လာဥ နီ - အနည်းငယ်
၎။ ပန်းမုန်လာ(သို့ ) ပန်းပွင့်အစိမ်း - အနည်းငယ်
၅။ ငရုတ်ပွ - အနည်းငယ်
၆။ ဘိုစားပဲသီး - ၃ တောင့်
၇။ ခရမ်းချဉ်သီး - တ ခြမ်း
၈။ ကြက်သွန်ဖြူ - ၂ မွှာ
၉။ ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၄ ဇွန်း
၁၀။ ငရုတ်ဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၁။ ရှာလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၂။ ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၁ ဇွန်း
၁၃။ ခရုဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၁၄။ နှမ်းဆီမွှေး - အနည်းငယ်
၁၅။ ရေ - ထမင်းစားဇွန်း ၁၀ ဇွန်း
၁၆။ ကော်မှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၁၇။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၁၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးကို သန့် စင်ပြီး ဆားအနည်းငယ်ဖြင့် ကြော်ထားပြီး ပန်းကန် တခုထဲထည့်ထားပါ။
၂။ အသီးအနှံ များကို သန့် စင်ပြီး ကြိုက်နှစ်သက်ရာအရွယ်လှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။
၃။ ပန်းကန်လုံးတခုထဲတွင် ခရမ်းချဉ်သီးဆော့၊ ငရုတ်ဆီ၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ နှမ်းဆီမွှေး၊ ရေ၊ ကော်မှုန့် ၊ သကြားတို့ ကိုထည့်ရ်ျ သကြားပျော်သိအထိ သမအောင်လုပ်ထားပါ။ချိုချဉ်ဆော့ရပါပြီ။
၎။ ဒယ်အိုးတခုထဲတွင် ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို ထည့်ရ်ျ ဆီသတ်ပါ။ ကြက်သွန်ဖြူ အနံ့ မွှေးလာလျှင် အသီးအနှံ့များကို ထည့်ကြော်ပါ။
၅။ အသီးအနှံ့ များကိုထည့်ကြော်ပြီး ၁ မိနစ်လောက်နေလျှင် ဖျော်ထားသော ချိုချဉ်ဆော့ကို ထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။
၆။ ပွက်လာလျှင် ခရမ်းချဉ်သီးထည့်ပြီး မီးဖိုပေါ်မှချရ်ျ ငါးကြော်ထည့်ထားသော ပန်းကန်ထဲကို ဆမ်းလိုက်ပါ။
၇။ ငါးကောင်လုံး ချိုချဉ်ကြော်ကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment