Sunday, March 5, 2017


ဆိတ်ရိုးစွပ်ပြုတ် (သို့ ) ဆိတ်စွပ်ပြုတ်

ဆိတ်ရိုးစွပ်ပြုတ်ကို အနံ့ မွှေးမွှေးလေးနဲ့ သောက်လို့ အလွန်ကောင်းတဲ့နည်းလေးရေးပေးလိုက်ပါတယ်။ အိစံတို့ ဆီမှာကတော့ ပလွေရိုးလေးတွေမရှိတော့ ရတဲ့အရိုးနဲ့ ပဲချက်ထားပါတယ်။ အားလဲရှိ သောက်လို့ လဲကောင်းတဲ့ ဆိတ်ရိုးစွပ်ပြုတ်ကို လုပ်စားကြည့်ရအောင်နော်။


ပါဝင်သောပစ္စည်းများ
၁။ ဆိတ်ရိုး (ပလေရိုး) - ၅၀ သား
၂။ ရေ - ၅ လီတာ
၃။ ကရဝေးရွက် - ၃ ရွက်
၎။ သစ်ကြမ်းပိုးခေါက် -၁ ခု
၅။ ဖာလာစေ့ - ၃ ခု
၆။ လေးညှင်းပွင့် - ၃ ခု
၇။ ဇီယာစေ့ - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၈။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်
၉။ မဆလာ - လက်ဖက်ရည်ဇွန်း တ ၀က်
၁၀။ ကြက်သွန်နီကြော် - လက်တဆုပ်စာ
၁၁။ ကြက်သွန်ဖြူ - ၃ မွှာ
၁၂။ ဂျင်း - လက်တဆစ်
၁၃။ ကြက်သွန်နီ - ၁ ခြမ်း
၁၄။ ပဲမှုန့် အစိမ်း - ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း
၁၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း တ ၀က်
၁၆။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၇။ ဆီ - ထမင်းစားဇွန်း ၃ ဇွန်း
၁၈။ ရှာလကာရည် - ၅ ဇွန်း
၁၉။ ဆား - လက်ဖက်ရည်ဇွန်း ၃ ဇွန်း
၂၀။ သကြား - လက်ဖက်ရည်ဇွန်း ၄ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ အရိုးများကို ရေဖြင့် ၃ ခါဆေးပါ။ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ ကို ညက်နေအောင်ထောင်းထားပါ။
၂။ ရေဆေးထားသော အရိုးများကို ရှာလကာရည် ၊ ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ မှာ အရည်များ ညှစ်ချပြီး နယ်ရ်ျ အနည်းဆုံး ၁ နာရီခန့် နှပ်ထားပါ။ (အညှီအနံ့ များပျောက်အောင်လို့ ပါ။) (အရည်ညှစ်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ကို မလွှင့်ပစ်ပါနဲ့ )
၃။ နှပ်ထားသော အရိုးများကို ရေအေးဖြင့် ၃ ခါလောက် ပြန်ဆေးပါ။
၎။ အိုးကြီးကြီးတခုထဲမှာ ရေထည့်ပြီး ပွက်လာအောင်တည်ပါ။ ပွက်လာလျှင် ဆေးထားသော အရိုးများကိုထည့်ရ်ျ တည်ပါ။ အရိုးများထည့်ပြီး ပွက်လာလျှင် ၁၀ မိနစ်လောက်ထားလျှင် အညစ်အကြေးများထွက်လာပါလိမ့်မည်။ ထို့ နောက် မီးဖိုပေါ်မှချပြီး အရိုးကိုလဲ ရေအေးအေးဖြင့် အညစ်အကြေးများစင်သွားအောင်ဆေးပါ။ တည်ထားသော အိုးကိုလဲဆေးပါ။
၅။ စွပ်ပြုတ်လုပ်မည့်အိုးထဲကို ဆီ ထည့်၊ ဆီပူလာလျှင် ကရဝေးရွက်၊ သစ်ကြမ်းပိုးခေါက်၊ ဖာလာစေ့၊ ဇီယာစေ့၊ ဆနွင်း၊ အရောင်တင်မှုန့် ၊ အရည်ညှစ်ထားသော ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ကိုထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် ရေဆေးထားသော အရိုးများကိုထည့်ရ်ျလုံးပါ။ ထို့ နောက် ရေ ၅ လီတာကိုထည့်ရ်ျတည်ပါ။ ဆား နှင့် သကြားကိုထည့်ပါ။
၆။ ပဲမှုန့် အစိမ်းကို ရေဖြင့် ပျော်အောင်ဖျော်ထားပါ။ စွပ်ပြုတ်အိုးပွက်လာလျှင် ဖျော်ထားသော ပဲမှုန့် အစိမ်းများကိုထည့်ပါ။ (ဖျော်ထားသောပဲမှုန့် များကိုထည့်ရာတွင် ဇကာအစိတ်တခုကိုခံရ်ျ ထည့်ပါ။ ပဲမှုန့် အခဲလေးများ ဇကာပေါ်ကျန်နေခဲ့လျှင် ရေနည်းနည်းလောင်းရ်ျ ဖိခြေပြီး အိုးထဲထည့်ပါ။)
၇။ စွပ်ပြုတ်အိုးကို ၁ နာရီလောက် မီးအေးအေးဖြင့် တည်ပါ။ အိုးထဲမှာရေလျော့သွားလျှင် ထပ်ထပ်ဖြည့်ပေးပါ။ ထို့ နောက် ကရဝေးရွက်များကိုထည့်ပါ။ ပဲစိမ်းနံ့ များပျောက်သွားလျှင် မီးဖိုပေါ်မှချလို့ ရပါပြီ။ မီးဖိုပေါ်မှချခါနီးတွင် မဆာလာထည့်ရ်ျ မွှေပြီး မီးဖိုပေါ်မှချပါ။
၈။ အနံ့ မွှေးမွှေး အရသာရှိရှိ ဆိတ်စွပ်ပြုတ်ကို ကြက်သွန်နီကြော်လေးဖြူးရ်ျ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment