Monday, March 6, 2017




ဆိတ်သားနှပ်/ အမဲသားနှပ်


အခုဟင်းလေးကတော့ မြန်မာဟင်းကြိုက်သူများအတွက် အနံ့ မွှေးမွှေးနဲ့ စားကောင်းတဲ့ ဆိတ်သားနှပ်နည်းကို ရေးပေးလိုက်ပါတယ်။ အခုဟင်းလေးကလဲ မြန်မာဟင်းချက်ရင် အရမ်းစားကောင်းတဲ့ အန်တီကသင်ပေးတဲ့ဟင်းလေးပါ။ အိစံတို့ အိမ်မှာတော့ စားကောင်းလို့ ခဏခဏချက်စားဖြစ်ပါတယ်။ ချက်စားကြည့်နော်။
ပါဝင်သောပစ္စည်းများ
၁။ ဆိတ်သား (သို့ ) အမဲသား - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်သွန်နီ - ၁ လုံး (အနှစ်များများကြိုက်လျှင် ၂ လုံးထည့်ပါ။)
၃။ ကြက်သွန်ဖြူ - ၄ မွှာ
၎။ ဂျင်း - လက်တဆစ်
၅။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၆။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ မဆလာ - လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
၉။ သစ်ချပိုးခေါက် - ၁ ခု
၁၀။ ပျဉ်းတော်သိမ်းရွက် - ၁၀ ရွက်
၁၁။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ
၁၂။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၁၃။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
၁၄။ ရှာလကာရည် - ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
၁။ ဆိတ်သား (သို့ ) အမဲသားကို သန့် စင်အောင်ဆေးပြီး ရှာလကာရည်ထည့်ရ်ျ နယ်ပြီး အနည်းဆုံး နာရီဝက်ခန့် နှပ်ထားပါ။ ပြီးလျှင် ရေဖြင့် ၃ ခါပြန်ဆေးပါ။ (ဆိတ်သားအညှီနံ့ များပျောက်ပါတယ်။)
၂။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
၃။ သန့် စင်ထားသော အသားများထဲကို ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူ ထည့်၊ ငံပြာရည်၊ သကြားတို့ ကိုထည့်ရ်ျ နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
၎။ ဒယ်အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်နီများကိုထည့်ကြော်ပါ။ ကြက်သွန်နီများ ရွှေဝါရောင်ပြောင်းလာလျှင် ဆနွင်း၊ အရောင်တင်မှုန့် နှင့် ငရုတ်သီးမှုန့် ၊ သစ်ချပိုးခေါက်တို့ ကိုထည့်ရ်ျ ဆီသတ်ပါ။
၅။ ပြီးလျှင် နှပ်ထားသော အသားများကို ထည့်လုံးပါ။ အသားများလုံးပြီးလျှင် ရေကို အသားများမြုပ်အောင်ထည့်ပြီးတည်ထားပါ။
၆။ ဆီလည်ရေလည် အနေအထားတွင် ပျဉ်းတော်သိမ်းရွက်များကိုထည့်ပါ။ ပြီးလျှင် အသားနူးမနူးကိုကြည့်ရ်ျ မနူးသေးလျှင် ရေထက်ထည့်ပါ။ ထို့ နောက် ဆီပြန်လာသည်အထိတည်ပါ။
၇။ ဆီပြန်လာလျှင် မီးဖိုပေါ်မှမချခင် မဆလာထည့်ပြီးမွှေပါ။ ထို့ နောက်မီးဖိုပေါ်မှချပါ။
၈။ အနံ့ မွှေးမွှေးနဲ့ အရသာအလွန်ရှိတဲ့ ဆိတ်သားနှပ်ဟင်းကို သုံးဆောင်နိုင်ပါပြီရှင်

No comments:

Post a Comment