Monday, March 6, 2017


ဝက်လက်စွပ်ပြုတ်


ဝက်လက်စွပ်ပြုတ်မေးထားတဲ့သူတွေအတွက်ကော အခြားသူတွေအတွက်ပါရေးပေးလိုက်တယ်နော်။
ဝက်လက်စွပ်ပြုတ်လေးကတော့ လူကြိုက်များပြီး အသားလဲစားလို့ ရသလို အရည်သောက်အနေနဲ့ လဲ သောက်လို့ ကောင်းတဲ့ တမျိုးဖြစ်ပါတယ်။ ငရုတ်ကောင်းအနံ့ မွှေးမွှေးလေးနဲ့ ရာသီဥတုအေးအေးလေးမှာဆိုရင်တော့ တကယ်ကို ရှယ်ပဲပေါ့။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ၀က်လက် - ၅၀ ကျပ်သား (သို့ ) ၂ ပေါင်
၂။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၃။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၁ ဇွန်း
၎။ ပဲငံပြာရည် အပျစ် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၅။ ခရုဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၆။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၈။ ဂျင်း - လက်တဆစ်
၉။ ကြက်သွန်ဖြူ - ၂ မွှာ
၁၀။ နံနတ်ပွင့် - ၁ ခု
၁၁။ နံနံပင်အရိုး - ၁၅ ခု
၁၂။ ငရုတ်ကောင်း - အနည်းငယ်
၁၃။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - အနည်းငယ်

ပြုလုပ်နည်း
၁။ ၀က်လက်ကို သန့် စင်ထားပါ။ ဂျင်းကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။ နံနံပင်အရိုးကို နံနံပင်တစီးရဲ့ တ၀က်မှ ယူပြီး နှီးရိုးရှိလျှင် နှီးရိုးဖြင့် စီးထားပါ။
၂။ သန့် စင်ထားသော ၀က်လက်ကို ဆား လက်ဖက်ရည်ဇွန်း တ ၀က်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ ခရုဆီ၊ သကြား တို့ ဖြင့် နယ်ရ်ျ နာရီဝက်ခန့် နှပ်ထားပါ။
၃။ ဒယ်အိုးတခုထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်း ကို ထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် နှပ်ထားသော ၀က်လက်များကို ထည့်ရ်ျ လှော်ပါ။ ၀က်လက်များ ကျက်သွားပြီး အညိုရောင်ပြောင်းရ်ျ မွှေးလာလျှင် မီးဖိုပေါ်မှချပါ။ ( ၅ မိနစ်လောက်တော့ ၀က်လက်များကိုလှော်ရပါတယ်။)
၎။ စွပ်ပြုတ်လုပ်မည့် အိုးထဲကို ရေကိုအိုးရ်ျ တ၀က်လောက်ထည့်၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပါးပါးလှီးထားသော ဂျင်း၊ နံနံပွင့်၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတို့ ကိုထည့်ရ်ျ ရေနွေးပွက်လာသည်အထိတည်ပါ။
၅။ ရေနွေးပွက်လာလျှင် လှော်ထားသော ၀က်လက်များကို ဒယ်အိုးထဲမှ တခုချင်းဆီယူထည့်ပါ။ (ဒယ်အိုးထဲမှ တခါတည်းသွန်မထည့်ရပါ။ သွန်ထည့်လိုက်လျှင် ဒယ်အိုးထဲမှ ဆီများနှင့် ၀က်လက်ရဲ့ အညစ်အကြေး အနှစ်များပါ ပါသွားပါလိမ့်မည်။)
၆။ ထို့ နောက် မီးအေးအေးဖြင့် ၀က်လက်များနူးသည်အထိတည်ပါ။ ၂ နာရီ (သို့ ) ၃ နာရီလောက်ကြပါတယ်။ (ရေက ၀က်လက်များကို မြုပ်အောင်ဖြည့်ဖြည့်ပေးပါ။)
၇။ ၀က်လက်များ နူးခါနီးတွင် နံနံပင်အရိုးများကို အိုးထဲထည့်ရ်ျ နာရီဝက်ခန့် တည်ပါ။
၇။ ၀က်လက် စွပ်ပြုတ်ရလျှင် ဟင်းရည်ခတ်ရာတွင် ၀က်လက်များကို ပန်းကန်ထဲအရင်ထည့် ပြီးလျှင် ဇကာခံရ်ျ အရည်များကို ထည့်ပါ။ (နံနတ်ပွင့် နှင့် နံနံပင်အရိုးများ ပါသွားမှာစိုးလို့ ပါ။) ပြီးလျှင် စွပ်ပြုတ် အပေါ်မှာ ငရုတ်ကောင်းနှင့် ကြက်သွန်မြိတ်ဖြူးရ်ျ သုံးဆောင်နိုင်ပါပြီ။
 —

No comments:

Post a Comment