Monday, March 6, 2017


စတော်ဘယ်ရီ ရေခဲမုန့် 

စတော်ဘယ်ရီ ရေခဲမုန့် 
စတော်ဘယ်ရီ ရေခဲမုန့် လုပ်နည်းက အရင်ရေခဲမုန့် လုပ်နည်းကို အခြေခံပြီးလုပ်ထားပါတယ်။ စတော်ဘယ်ရီရေခဲမုန့် ကို အရောင် နီနီလေးရချင်ရင် အရောင်ဆိုးဆေးထည့်ရပါတယ်။ အိစံကတော့ အရောင်ဆိုးဆေးမထည့်ထားပါဘူး။ လွယ်လွယ်ကူကူနဲ့ စတော်ဘယ်ရီ ရေခဲမုန့် လေးလုပ်စားရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ Whipping cream အရည် - ၅၀၀ ml
၂။ နို့ ဆီ - ၁ ဗူး
၃။ စတော်ဘယ်ရီ - အလုံးကြီး ၅ လုံး (သို့ ) ၁၀၀ g

ပြုလုပ်နည်း
၁။ စတော်ဘယ်ရီကို အညှာဖြတ်၊ ရေဆေးပြီး ရေစစ်ထားပါ။ ပြီးလျှင် ရေခြောက်အောင် တဘက် သို့  စက္ကူဖြင့် အသာလေး သုပ်ထားပါ။
၂။ နို့ ဆီဗူးကို ဖောက်ပြီး နို့ ဆီကို ဖျော်စက် ထဲထည့်၊ စတော်ဘယ်ရီတွေကော ထည့်ပြီး စတော်ဘယ်ရီတွေ လုံးဝကြေသွားသည်အထိ ဖျော်ပါ။ ပြီးလျှင် ဇလုံကြီးကြီး တခုထဲကို ထည့်ထားပါ။
၃။ အခြားဇလုံ ကြီးကြီး တခုထဲမှာ Heavy whipping cream အရည်ကိုထည့်ပြီး လျှပ်စစ်မွှေစက် ဖြင့် ၃ မိနစ် မှ ၅ မိနစ်ခန့် မွှေပါ။ ပုံမှာ ပြထားသလိုမျိုး ခရမ် ဖြစ်လာပါလိမ့်မည်။
၎။ ပြီးလျှင် ခရမ် အားလုံးကို နို့ ဆီဇလုံထဲကို ထည့်ပြီး အထက်အောက် အသာလေး သမအောင်မွှေပါ။ (ကော်ဖီဖျော်သလို ဟင်းချက်သလိုစက်ဝိုင်းပုံ မမွှေရပါ။ အဲ့လိုမွှေလိုက်ရင် ခရမ်များ ပြန်ပြီးအရည်ပျော်သွားပါလိမ့်မည်။) အောက်ပိုင်းက နို့ ဆီကို အပေါ်တင်လိုက် မွှေလိုက်လိုမျိုး အသာလေးမွှေရတာပါ။
၅။သမသွားသော ခရမ်များကို ရေခဲမုန့် လုပ်ရန် ခွက် (သို့ ) ဗူးထဲထည့်ပြီး အဖုံးဖုံးရ်ျ ရေခဲသေတ္တာအပေါ်ထပ်ထဲတွင် အနည်းဆုံး ၈ နာရီထားရ်ျ ခဲပါ။
၆။ စတော်ဘယ်ရီ ရေခဲမုန့် ကို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment