Monday, March 6, 2017


ဆီချွန်း ပုဇွန်ဟင်း


အိစံ ဒီဟင်းကို မြန်မာပြည်မှာ ကတည်းစားဖူးပြီး အရမ်းကြိုက်တဲ့ ဟင်းတပွဲပါ။ ချဉ်စပ်ချို အရသာလေးနဲ့ တမျိုးလေးစားကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။ 

ပါဝင်သောပစ္စည်းများ
၁။ ပုဇွန် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင်
၂။ ကြက်သွန်ဖြူ - ၃ မွှာ
၃။ ရေ - ခွက်တ၀က် (သို့ ) ထမင်းစားဇွန်း ၈ ဇွန်း
၎။ ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ငရုတ်ဆော့ - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၆။ သကြားအညို - ထမင်းစားဇွန်း ၁ ဇွန်း
၇။ ပြောင်းဖူးမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၈။ ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ၂ ဇွန်း
၉။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၀။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တ၀က်
၁၁။ ဟင်းချက် ဆန်ဝိုင် - ထမင်းစားဇွန်း တ၀က်
၁၂။ ရှာလကာရည် - ထမင်းစားဇွန်း တ၀က်
၁၃။ နှမ်းဆီမွှေး - ၅ စက်
၁၄။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပုဇွန်ကို ရေဆေးသန့် စင်ပြီး ပုဇွန် အမွှေးနဲ့ ခေါင်းကို ကပ်ကျေးဖြင့် ညှပ်ထားပါ။ (အခွံသင်လဲရပါတယ်။ တချို့ ဆိုင်တွေက အခွံနဲ့ ပါ။ တချို့ ဆိုင်တွေကတော့ အခွံသင်ထားတဲ့ ပုဇွန်ကို သုံးပါတယ်။) ကြက်သွန်ဖြူကို ညက်နေအောင်ထောင်းထားပါ။
၂။ ပန်းကန်အကြီးတခုထဲတွင် ထောင်းထားသော ကြက်သွန်ဖြူ၊ ရေ၊ ခရမ်းချဉ်သီးဆော့၊ ငရုတ်ဆော့၊ သကြားအညို ၊ ပြောင်းဖူးမှုန့် ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ငရုတ်ကောင်းမှုန့် ၊ ဟင်းချက်ဆန်ဝိုင်၊ ရှာလကာရည်၊ နှမ်းဆီမွှေးတို့ ကို ထည့်ရ်ျ သကြားများ အရည်ပျော်ပြီး သမသွားအောင်လုပ်ရ်ျ ဆော့အရည်ပြုလုပ်ပါ။
၃။ ကြော်မည့်ဒယ်အိုးထဲတွင် ဆီ ထမင်းစားဇွန်း ၁ ဇွန်းကို ထည့်ရ်ျအပူပေးပါ။ ဆီပူလာလျှင် ပုဇွန်ကို ထည့်ရ်ျ ကြော်ပါ။ ပုဇွန်များ ကွေးလာပြီး ကျက်သွားသည်အထိ အိုးပေါ်မှာ လှိမ့်ရ်ျကြော်ပါ။
၎။ ပုဇွန်များကျက်သွားလျှင် ပြုလုပ်ထားသော ဆော့ အရည်ထည့်ပြီး ဆော့အရည်ပွက်လာသည်အထိ တည်ပါ။
၅။ ဆော့ အရည်ပွက်လာလျှင် မီးဖိုပေါ်မှချရ်ျ ထမင်းပူပူဖြင့် သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment