Monday, March 6, 2017




ရှူးရှဲ ချဉ်ငံစပ် ရှာက်သီးသုပ်


ရှောက်သီးသုပ်လုပ်နည်းမေးထားတဲ့သူတွေအတွက်ကော အခြားသူငယ်ချင်းတွေအတွက်ပါရေးပေးလိုက်တယ်နော်။ ရှောက်သီးသုပ် ချဉ်ငံစပ်လေးကို လုပ်စားကြည့်ရအောင်နော်။
ပါဝင်သောပစ္စည်းများ
၁။ လက်သီးဆုပ်အရွယ် ရှောက်သီး - ၁ လုံး
၂။ ကြက်သွန်နီ - အကြီး ၁ လုံး
၃။ ငရုတ်သီးစိမ်း - ၃ တောင့်
၎။ ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း ၁ ဇွန်း
၆။ စိမ်းစားငပိ - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ မြန်မာငံပြာရည် - လက်ဖက်ရည်ဇွန်း တ ၀က်
၈။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၉။ ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
၁၀။ ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း ၂ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ရှောက်သီးကို အခွံခွာပြီး အတွင်းထဲက အသားများကို နွှာထားပါ။ ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီကိုပါးပါးလှီးထားပါ။
၂။ ပန်းကန်တခုထဲတွင် ငပိ၊ မြန်မာငံပြာရည်၊ ကြက်သွန်နီဆီချက်တို့ ကိုထည့်ရ်ျ ငပိများ အနည်းငယ်ပျော်သွားအောင်ဖျော်ထားပါ။
၃။ ဇလုံတခုထဲကို နွှာထားသော ရှောက်သီးဖတ်၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း၊ သကြား (သို့ ) အချိုမှုန့် ၊ ပုဇွန်ခြောက်မှုန့် ၊ ဖျော်ထားသော ငပိ၊ ကြက်သွန်နီဆီချက်၊ ငံပြာရည်တို့ ကိုထည့်ရ်ျ သုပ်ပါ။
၎။ ရှောက်သီးသုပ်ကို ပန်းကန်ပြားထဲထည့်ရ်ျ အပေါ်မှ ကြက်သွန်ဖြူကြော်များ ဖြူးထည့်ပြီး စားခါနီးမှ ကြက်သွန်ဖြူကြော်များနှင့် သုပ်စားပါ။
၅။ ရှူးရှူး ရှဲရှဲ နှင့် ချဉ်ငံစပ်ရှောက်သီးသုပ်ကို ကြာဇံဟင်းခါးလေးနဲ့ သုံးဆောင်ရင် အလိုက်ဆုံးပါပဲရှင်။

No comments:

Post a Comment